
စိတ်ဝင်စားဘို့ကောင်းတဲ့
Action (Shooter / Survival horror) / 3D / 1st Person PC ဂိမ်းလေး
တခုဖြစ်ပါတယ်။ မူရင်းဆိုဒ်က ကောင်လေးရဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ အလင်းသစ်နံနက်ခင်း
ကပါ။ အနော်သမလာတာပါ..:) ။ လေယာဉ်မှူးတယောက် လေယာဉ်ပျက်ကျပြီး တောနက်ထဲကို
ရောက်သွားပါတယ်။ သူ အသက်ဆက် ရှင်သန်နိုင်ဘို့ အစားအစာ ရှာဖွေစားသောက်ရပုံ၊
လူရိုင်းတွေ က မကြာခဏ လာရောက်တိုက်ခိုက်လို့ ခုခံကာကွယ်ရပုံ..စသဖြင့် တကယ့်
ရုပ်ရှင်ကားကြီးကို ကြည့်နေရသလို ကစားနိုင်တဲ့ ဂိမ်းကြီးပါ..:D ။
ဖိုင်ဆိုဒ်က 1.43 Gb ရှိတာမို့ RAR ဖိုင် (၄) ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။
(ကျွန်တော့်ဆိုဒ်မှာ ဖိုင်ခွဲပြီးတင်ထားတာမှန်သမျှ WinRAR နဲ့ဘဲ
ခွဲထားတာမို့ အပိုင်းအားလုံးဒေါင်းပြီးရင် Select လုပ်ပါ၊ WinRAR နဲ့
Extract ပြန်လုပ်ပါ။ မူရင်း ဖိုင် ပြန်ရပါမယ်။ တခြားဆော့ဝဲတွေသုံးပြီး
ဖိုင်ခွဲထားခြင်း မဟုတ်ပါ။) ဂိမ်းရဲ့ Setup ကို အင်စတောလုပ်ပါ။ Repack
လုပ်ထားပေးပြီးသားမို့ အင်စတောပြီးရင် ဂိမ်းကိုဖွင့်ပြီး ကစားနိုင်ပါပြီ။
ဂိမ်းအကြောင်း အကျဉ်းချုပ်နဲ့ System requirements ကိုတော့
အောက်မှာဖတ်ကြည့်ကြပါ။










