Monday, November 3, 2014

ဖြာကျနေသော အလင်းရောင်


အဆင့်-၁
လိုအပ်သောပုံကိုဖွင့်လိုက်ပါမယ်။

အဆင့်-၂

 ပြုလုပ်မည့်ပုံရရှိလာပါက Layer အသစ်တစ်ခုကို ရှေ့ဦးစွာယူလိုက်ပါမယ်။

ထို့နောက် Polygonal Lasso Tool ဖြင့် ဖော်ပြပါပုံစံသော်လည်ကောင် မိမိစိတ်ကြိုက်အနေထာဖြင့် draw တစ်ခုကိုဆွဲလိုက်ပါမည်။

အဆင့်-၃
Layer အသစ်တစ်ခုထပ်ယူလိုက်ပါမည်။ ထို့နောက် Gradient Tool ဖြင့် ကာလာဖြည့်ပါမည်။

ထို့သို့ကာလာများ မဖြည့်ခင် Foreground color နှင့် Background color မှာ အဖြူနဲ့အမဲကို ရှေ့ဦးစွာ
ပြောင်းပေးထားရပါမည်။ 
ထို့သို့ကာလာများ အဆင်သင့်ဖြစ်ပါက Gradient Toolဖြင့် drawဆွဲထားသည့် နေရာကို ကာလာဖြည့်ပါ
မည်။

အဆင့်-၎
ထပ်မံ၍ Layer အသစ်တစ်ခု ယူလိုက်ပါမည်။ ထို့နောက် Elliptical Marquee Tool ဖြင့် အနေတော် စက်ဝိုင်တစ်ခုကို ဆွဲလိုက်ပါမည်။
ထို့နောက် အဖြူရောင်ကာလာဖြည့်ရန်အတွက် CTRL+Backspace ကိုတွဲနှိပ်ပေးပြီး ကာလာဖြည့်လိုက်
ပါမည်။

အဆင့်-၅
 ထို့နောက်  Filter > Blur > Gaussian Blur ကိုသွားပါမည်။
ထို့နောက် ကျနော်တို့ယူထားသည့် LAYER အသစ်များအားလုံးGaussian Blur ဖြင့်မှုန်းပေးလိုက်ပါ မည်။
Raduis ကို 3.5 လောက်ထားပေးလိုက်ပါမည်။ ကယ်ဒီလောက်ဆို အဆင်ပြေပါပြီး။

2 comments: