Question: ကျမ အခုအပြင်ကနေအပ်တဲ. File ကို editing လုပ်တာဆရာရယ်…အဲဒီ
file တွေက properties မှာကြည်.လိုက်တော့ PAL 720×576 (1.094) ဆရာ။အဲဒီfile
တွေကို ကျမက Editing Preset မှာ DV PAL standard 48 KHz နဲ.လုပ်ပါတယ်ဆ၇ာ။
Export ထုတ်တော.media encoder မှာ Format-MPEG-2 Preset-PAL DV High
quality နဲ.ထုတ်ပါတယ်။ ရလာတဲ.MPEG FILE ကိုမှ DVD Authoring မှာပြန်ပြီးDVD
Version ပြောင်းပါတယ်။အဲဒါ အကောင်းဆုံး resolution ၇ချင်ပါတယ်ဆရာ။
အခုကျမလုပ်တာ ကောင်းမကောင်း အကြံပေးပါနော်။ ကျမသုံးတာက premiere pro cs 4ပါ
ဆ၇ာ။ CS5 ကိုပြောင်းဖို့ကြိုးစားပါ။ CS4 က Stable မဖြစ်ပါ။ ဒါမှမဟုတ်အဲဒီ
file တွေကို procoder နဲ. AVI format ပြောင်း ပြီးမှ edit လုပ်ရင်ရော
ဆ၇ာ။ကျမအဲဒီလိုလုပ်တော.file size တွေအ၇မ်းကြီးသွားလို.။
Answer: File Size က (၁)နာရီစာကို 12 GB ၀န်းကျင်တော့ရှိပါမယ်။ အဲလောက်တော့ လက်ခံရပါမယ်။ AVI နဲ့ဆက်တာအကောင်းဆုံးဖြစ်ပါတယ်။
Question: နောက် file တခုကကျတော. Dimensioin-1152×648(MPG)72 dpi
တဲ.ဆ၇ာ။ အဲဒါဆို ၇င်ေ၇ာ ဘယ်လိုPreset နဲ. Project ဖွင်.ရင်ကောင်းမလဲ
သိချင်ပါတယ်ဆ၇ာ။
Answer: ဘယ်လိုဖြစ်ဖြစ် AVI ကိုအရင်ပြောင်းပါ။ သူ့ Aspect Ratio
ကိုစစ်ပါ။ 4:3, 16:9 ဘယ်ဟာနဲ့ အံဝင်လဲဆိုတာ အရင်သိအောင်စစ်ပြီးမှ AVI မှာ
Aspect Ratio အမှန်ပြောင်းပါ။ Frame Rate ကိုလိုက် ဖတ်ပြီး Video Standard
ကိုအမှန်ရွေးချယ်ပါ။
Question: သင်တန်းမှာတုန်းက ဆရာက m2p format ကို .avi
ပြောင်းပြီးမှeditလုပ်ခိုင်းတာနော်။ အဲဒါက Premiere cs 3
ကြောင်.လား။ကျေးဇူးပြုပြီးဖြေပေးပါနော်ဆရာ။
Answer: CS3 ကြောင့်မဟုတ်ပါ။ MPEG ကို ကိုင်တွယ်တည်းဖြတ်ရင် ဘယ်မှာမဆို
ပြဿနာပေါင်း စုံပေးပါတယ်။ Blu-Ray ပေါ်ကို HD Export ထုတ်ဖို့မလိုရင် SD AVI
နဲ့သာ Edit လုပ်ဖို့ကြိုးစားပါ။
Question: Editing လုပ်၇န် အတွက် laptop ဘယ်အမျိုးအစား ကကောင်းပါသလဲ။
Answer: Lenovo ကိုကြိုက်ပါတယ်။ (သို့သော်) နောက်ပိုင်းမော်ဒယ်တွေမှာ DV
Port မပါတော့တဲ့ အတွက် DV Capture ကိစ္စနဲနဲခက်နိုင်ပါတယ်။ HD Edit
ဆိုအဆင်ပြေပါတယ်။ အနည်းဆုံး Core i5 ၀ယ်သင့်ပါတယ်။
Question: အနည်းဆုံး memory ဘယ်လောက် ရှိရင်သုံးနိုင်ပါသလဲ။
Answer: 4GB
Answer: 4GB
Question: Premiere pro cs 5 နဲ. Cinema 4D တို. After effect တို.ပါတွဲသုံးချင်တာ ဆ၇ာ။
Answer: On board မဟုတ်ပဲ VGA Card သက်သက်ထပ်ပါတဲ့အမျိုးအစားကိုမေးဝယ်ပါ။ Graphic 1GB လောက်ရှိသင့်ပါတယ်။
Question: နောက်တခုက Particle Illusion မှာ Avi format နဲ. Export
ထုတ်တာ line (ကန်.လန် .စင်း)တွေပါနေတယ်ဆရာ။(အဲဒီ် င်္file ကို Premiere
မှာပြန်သုံးတဲ.အခါ) ဘာ.ကြောင်.လဲ သိချင်ပါ တယ်ဆရာ။
Answer: Particle Illusion က Setting နဲ့ Premiere Setting မှာ
တခုခုလွဲနေလို့ဖြစ်နိုင်တယ်။ ဥပမာ- 720×486 ဖြစ်နေတာမျိုး၊ Interlace မှာ
Lower Field မဟုတ်တာမျိုး။
Question: နောက် OS 64 bit တင်၇င်ဘယ် Software နဲ.မဆိုအဆင်ပြေနိုင်ပါသလားဆရာ။
Answer: ကျနော်တို့အဖွဲ့သားအားလုံး OS 64bit နဲ့ပဲ
အလုပ်လုပ်ကိုင်နေကြတာ(၁)နှစ်ကျော်ပါပြီ။ 32bit မဖြစ်တဲ့အတွက်
ဘာအခက်အခဲမှမတွေ့ပါ။ အခြားပညာရပ်တွေတော့မသိပါ။
Question: Slow motion ရိုက်ချက်များကို အသားပေးဖော်ပြမည့် Short Film
တစ်ခုကို
ရိုက်ကူးစရာရှိ ပါတယ်ခင်ဗျ။မြန်မာနိုင်ငံတွင်ငှားရမ်းရိုက်ကူးနိုင်မည့် Slow
Motion Full HD Camera များကိုသိချင်ပါ တယ်ခင်ဗျာ။
လက်ဝှေနဲ.ပတ်သက်တာကိုရိုက်မှာဖြစ်ပါတယ်ခင်ဗျ။မည်သည့်Camera
အမျိုးစားဖြင့် ရိုက် လျှင် သင့်တော်မည်နှင့်
မည်သည့်ဆိုင်တွင်ငှားရမ်းရိုက်ကူးလို.ရမည်ကို
သိချင်ပါသည်ခင်ဗျာ။ အချိန် အားဖြင့် ၁၅ မိနစ်ကြာမြင့်မည့် Short Film
ဖြစ်ပါသည်ခင်ဗျာ။၁ရက်နှင့်အပြီးရိုက်ဖို.အစီစဉ်ရှိပါသည်။In door & Out
door ရိုက်ချက်များလည်း ပါဝင်မည်ဖြစ်ပါသည်။
Answer: ဈေးကွက်အတွင်းငှားရမ်းရိုက်ကူးနိုင်သည့် HD ကင်မရာထဲတွင် Sony
PMW-EX3 တစ်လုံးသာ Frame Rate အများဆုံး 60p ဖြင့် 720p Mode တွင်
ရိုက်ကူးနိုင်ပါသည်။ EX-3 ငှားရမ်းနိုင်သောနေရာ၏ ဆက်သွယ်ရန်ဖုန်းမှာ-
09420029380/ 095423290( ဂျူတီခ- ၄၅၀၀၀ ဟုခန့်မှန်းပါသည်။
၎င်းတို့နှင့်ရင်းနှီးသော တန်းဝင်ကင်မရာမင်း ကိုင်တွယ်မည်ဆိုမှ
ငှားလိမ့်မည်ဟု ယူဆပါသည်။)
Question: Sony PMW-EX3 နဲ.က ကျွန်တော်ရိုက်မည့် Short Film အတွက်
လိုအပ်သော FPS များကို မရရှိနိုင်ဘူးဟု ထင်မြင်မိပါတယ်ခင်ဗျာ။60FPS
ဆိုတော့ အရမ်းနည်းနေမည်ဟုထင်လို.ပါ။ဖြစ်နိုင်ရင် Canon 550 D,600 D or
Panasonic AGAF-100 Camera များထဲမှ
တစ်လုံးလောက်နှင့် ရိုက်ချင် ပါတယ်ခင်ဗျာ။ အဆင်ပြေ မပြေကို သိလိုပါတယ်။ Slow
Motion ရိုက်ချက်များတွင်ပါဝင်မည့် ဇာတ်ဝင် ခန်းများမှာ
လက်သီးဖြင့်မျက်နှာကို ထိုးခြင်း
ကြမ်းပြင်ပေါ်သို.ပစ်လဲကျခြင်း၊ပါးစပ်မှသွေးများ လက်သီးဖြင့် ထိုးလိုက်သော
အရှိန်ကြောင့် ပန်းထွက်ခြင်းများ၊ လက်ဝှေ့သဲအိတ်ဖြင့်
လက်သီးထိုးလေ့ကျင့်သည့် အခန်း များလက်ဝှေ့
ရုံအတွင်းသို.ပြေးဝင်လာသည့်အခန်းများစသည်ဖြင့် ပါဝင်မှဖြစ်ပါတယ်ခင်ဗျာ ။ ကျွန်တော် Sony PMW-EX3 ကို တစ်ခါကမေးကြည့်တော့
ဆိုင်တစ်ဆိုင်က လက်ဝှေ့ရိုက်မှာဆိုရင်တော့ မငှားနိုင် ဘူးလို.ပြောလို.ပါ။
ကျွန်တော်ရိုက်ချင်တဲ့ပုံစံတွေက ဒီကင်မရာနဲ.မရဘူးလို.ပြောလို.ပါ ဒီကင်မရာက
ခွက်လွတ်ကျတာတို. ဘောလုံးလွတ်ကျတာတို.တောင်
သိပ်မပြီပြင်ဘူးလို.ပြောလို.ပါခင်ဗျ။ အခုအချိန် မှာCamera
ကိုကိုယ်ပိုင်ဝယ်နိုင်တဲ့အနေအထားလဲမရှိသေးလို.ပါ။ Youtube မှာ အခုပြောတဲ့
Camera ၃လုံးကရိုက်ချက်တွေကိုကြည့်ပြီးကတည်းကအားကျလို.ပါ။
Answer: အထက်ဖေါ်ပြပါ ကင်မရာများမှာ ဈေးကွက်အတွင်းရှိ
ကြေးစားငှားရမ်းလုပ်ငန်းများတွင် မရှိပါ။ မိမိ
သူငယ်ချင်းမိတ်ဆွေပတ်ဝန်းကျင်တွင်သာ မေးမြန်းစုံစမ်းကြည့်ပါရန်။ EX3 နှင့်
Slow-Mo ရိုက် ထားသော Clip များ YOUTUBE တွင်ထပ်မံရှာဖွေကြည့်ပါရန်။ 60 FPS
ကို After Effects တွင် Twixtor ဟူသော Plug-In နှင့် Frame Morphing လုပ်ပြီး Smooth ဖြစ်အောင်လုပ်နိုင်ပါတယ်။







0 comments:
Post a Comment