Tuesday, November 4, 2014

လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွန်


ဒီစာအုပ်လေးကတော့ ကို ၀ဏ္ဏကျော်ရေးသားထားတဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှု လမ်းညွန် စာအုပ်လေးပဲဖြစ်ပါတယ်..ပါဝင်တဲ့ အကြောင်းရာလေးတွေကတော့..------

Video editing အကြောင်းကို ယခုအပတ်ကစပြီးတော့ အပတ်စဉ် video editing ရဲ့ သီအိုရီ တွေက စလို့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် တို့ သင်ခန်းစာရဲ့အမည်ကို Post Production လို့ အမည် တပ်ပါမယ်။ ဒါပေမယ့် ရန်ကုန်မှာ လူသိများတာက Special Effect သင်တန်းကို လူသိများပါတယ်။ ဘာကြောင့် လဲဆိုတော့ ဗီဒီယိုတွေမှာ ကွန်ပျူတာအကူအညီနဲ့ editing လုပ် မယ် ၊ အထူးပြုလုပ်ချက်တွေ ထည့်သွင်းမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ရန်ကုန်လောကသား တော်တော်များ များနဲ့ ပြည်သူလူ ထုတော်တော် များများက Special Effect လုပ်ငန်းစဉ်တွေလို့ပဲ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ကတ ည်းက မှတ်ယူလာခဲ့ တာပါ။

 ဘာလို့ Production လို့ခေါ်ရသလဲဆိုတော့ ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေး တစ်ခုမှာ အဆင့်ဆင့်ရှိပါတယ်။ Pre Production ရယ်၊ Post Production ရယ်၊ ဆိုပြီးတော့ အဆင့်ဆင့်ရှိပါတယ်။ Production ဆိုတာကို ကျွန်တော် တို့က ထုတ်လုပ်ရေးလို့ အဓိပ္ပာယ်ပြန်ကြပေမယ့် Producer ဆိုတဲ့ အသုံး အနှုန်းကိုတော့ ထုတ်လုပ်ရေးမှုးလို့ အဓိပ္ပာယ်ပြန်ရပါမယ်။ ရန်ကုန် မှာတော့ Producer ကို ငွေအရင်းအနှီးစိုက်ထုတ်သူလို့ မှတ်ယူကြပါတယ်။ ဒီ ထုတ်လုပ်ရေးမှုးဆိုတဲ့ စကားလုံးကို ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အသံလွှင့် ဌာနတွေ ဖြစ်တဲ့ မြ၀တီ၊ မြန်မာ့အသံတွေမှာ အများဆုံးတွေ့ရပါတယ်။




Producer တွေဟာ အများအားဖြင့် အမျိုးသမီး တွေဖြစ်နေ တာကို တွေ့ရ ပါတယ်။ Producer တစ်ယောက် ရဲ့အလုပ်ဟာ ဘာလဲဆိုတော့ ဒီရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးတစ်ခုလုံအတွက် သူဟာတာဝန် ယူပြီးတော့ လုပ်ကိုင် ရတဲ့သူမျိုးဖြစ်ပါတယ်။ သူဟာ ဇာတ်ညွှန်းနဲ့ ရိုက်ညွှန်းရေးသားတဲ့နေရာ၊ ရိုက်ကူး တဲ့နေရာ၊ တည်းဖြတ်ပြီးတော့ အချောသတ် မီဒီယာတွေ ထုတ်လုပ် တဲ့နေရာအထိ အားလုံးကို နားလည်နေ မှ သူဟာ Producer တစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။

ဆက်လက်လေ့လာရန် အောက်က အဆင်ပြေမယ့် လင့်တွေ ကနေစာအုပ်ကိုဒေါင်လောခ် ယူလိုက်ကြပါ..






minus.တွင် Download ယူပါ

Ziddu.တွင်Download ယူပါ

0 comments:

Post a Comment