တစ်ခါကတော့ Network Types နှစ်မျိုးပါ။ အဲဒါတွေကတော့
1. Multiple Network Type
2. Inter Network Type တို့ ဖြစ်ပါတယ်။
1.
Multiple Network ဆိုတာကတော့ သီးခြားရပ်တည်နေတဲ့ Network တစ်ခုဖြစ်ပါတယ်။
ဆိုလိုတာက Network တစ်ခုအတွင်းမှာ PC 10 လုံး ရှိမယ်ဗျာ။ တခြားတခြားသော
Network ( အင်တာနက် ) နဲ လည်း ချိတ်ဆက်ထားခြင်းမရှိပါဘူး
ဒီလိုမျိုးသီးခြားရပ်တည်နေတဲ့ Network ကိုMultiple Network လို့ ခေါ်ပါတယ်။
2.
Inter Network ဆိုတာကတော့ Network တွေအချင်းချင်းချိတ်ဆက်ထားတဲ့ Network
ကိုပြောတာပါ။ ( Internet / International Network ) လို့ လည်းတနည်း
အားဖြင့် ခေါ်ဆိုကြပါတယ်။
Network Security Label အားဖြင့်နှစ်မျိုးထပ်ကွဲပါသေးတယ်။ အဲဒါတွေကတော့
Peer to Peer Network Label
Server Based Network Label တို့ ဖြစ်ပါတယ်။
Peer to Peer Network Label
Peer to Peer Network Label ဆိုတာကတော့ ဂုဏ်ရည်တူ အချင်းချင်း Network
ချိတ်ဆက်တာပါ။ ဆိုလိုတာက Desktop Edition OS တွေအချင်းချင်း Network
ချိတ်ဆက်ထားခြင်းပါ။ Network Operating System ( NOS )မပါရှိတဲ့
ပုံမှန်အားဖြင့်ရိုးရှင်းတဲ့ Network တစ်ခုပါ။ Service ပေးတဲ့ PC (
Personal Computer ) က Server ဖြစ်နိုင်သလို Service ကို request
လုပ်ပြီးတော့ယူသုံးတဲ့ PC က Client ဖြစ်နိုင်ပါတယ်။ ဒါကတော့ ဆာဗာ ဒါကတော့
Client ဆိုပြီးတော့ ပုံသေသတ်မှတ်ထားခြင်း မဟုတ် ပါ။ Server Based Network
Label နဲ့ စာရင် တော့ အများကြီးအားနည်းချက်တွေရှိပါတယ် ဒါပေမယ့်လို
့ပုံမှန် User တွေအနေဖြင့် Simple Control လေးနဲ့ ထိမ်းသွားလို့ ရတဲ့ အတွက်
အသုံးများကြပါတယ်။.
Server Based Network Label
Server Based Network Label ဆိုတာကတော့
Network Operating System ( NOS ) တစ်လုံးဖြစ်ဖြစ်
တစ်လုံးထက်ပိုတာပဲဖြစ်ဖြစ် ပါဝင်လာနိုင်ပါတယ်။ ဒီ Label ကတော့ Peer to Peer
Network label ထက် User Permission ကပိုပြီးတော့မြင့်သွားပါတယ်။ Security
ပိုင်းဆိုင်ရာပိုပြီးတော့အဆင့်မြင့်လာသလို NOS ကိုသုံးထားတဲ့အတွက် Server
Service ကိုအဆင်ပြေပြေဖြင့်အသုံးပြုနိုင်ပါမယ်။ ( အဓိကကတော့ Server Service
) ကိုရည်ရွယ်တာပါ။ သူ့ ရဲ့ ချိတ်ဆက်ပုံက ပုံသေ Server ထာင်ထားပြီးတော့
Client တွေက Server ဆီကိုချိတ်ဆက်ပြီး Service တွေကို request
လုပ်ပြီးယူသုံးတာပါ။ ဒီနေရာမှာတစ်ခုပြော ချင်တာက Server တွေကို Hardware
Performance တွေမြင့်မြင့်ဖြင့် တပ်ဆင်ထားပါက Client တွေဆီ က request
လုပ်တဲ့အခါမြန်ဆန်မှာဖြစ်တာကြောင့် Server ဆင်ခဲ့တယ်ဆိုရင် ပုံမှန် Client
တွေထက် Hardware တွေမြင့်မြင့် ( CPU မြင့်မြင့် ၊ Memory များများ ၊ HDD
များများ ) ဆင်တတ်ကြတာကို သဘောပေါက်စေချင်လို့ ပါ။
0 comments:
Post a Comment