
နည်းနည်းထပ်ပြောရရင် —
Facebook မှာ page တွေကို like လုပ်တယ်ဆိုတာ – အဲဒီ page မှာ အခုကစပြီး အသစ်တင်တဲ့ အကြောင်းအရာတွေကို သိချင်ပါတယ်၊ ကြည့်ချင်ပါတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ၊ အဲဒါကြောင့် ပေ့ဂ်ျတစ်ခုကို လိုက်လုပ်ထားရင် အဲဒီ page က တင်တဲ့ အကြောင်းအရာတွေကို သိရမှာပါ။ Like လုပ်တယ်ဆိုတာ ကြိုက်တယ်လို့ ပြောလိုက်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့ page က တင်တာတွေကို ကိုယ့်ဆီလာပြပေးတယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။
post ကို like လုပ်ရင်တော့ အဲဒီ post မှာ တစ်ခြားသူတွေက comment လာရေးရင် ကိုယ့်ဆီမှာ Notification တက်မှာဖြစ်ပါတယ်။ Post ကို like လုပ်ရုံနဲ့ page ကို Like လုပ်ပြီးသား မဖြစ်ပါဘူး။ မတူပါဘူး။
သတိထားရန် – page ကို like လုပ်တဲ့အခါ ကိုယ် like လုပ်လိုက်တာကို ကိုယ့်အကောင့်ထဲမှာ ရှိတဲ့သူတွေ မြင်ရပါတယ်။ ဒါကြောင့် မဟုတ်မဟတ် စာမျက်နှာတွေကို like လုပ်မိရင်တော့ လူတကာသိပြီး အရှက်ကွဲမှာ ကျိန်းသေပါပဲ။
Share လုပ်တယ်ဆိုတာ – share လုပ်တယ်ဆိုတာက post ကိုပဲဖြစ်ဖြစ်၊ page ကိုပဲဖြစ်ဖြစ် ကိုယ်က သဘောကျရင် ကိုယ့် friends တွေလည်း သဘောကျမှာပဲဆိုပြီးတော့ ပြန်မျှဝေတာ ဖြစ်ပါတယ်။ Facebook က social network ဖြစ်တဲ့အတွက် ကိုယ့် share လိုက်တဲ့ အကြောင်းအရာကို ကိုယ့်အကောင့်ထဲက လူတွေက မြင်ရမှာဖြစ်ပြီး၊ like တွေ comment တွေ ပေးနိုင်ပါလိမ့်မယ်။
Comment ပေးတယ်ဆိုတာ – comment ဆိုတာ မှတ်ချက်လို့ အဓိပ္ပါယ်ရတဲ့အတွက် သူများတင်တဲ့ post ဖြစ်စေ၊ သူများရှဲတဲ့ ပို့စ်ဖြစ်စေ အဲဒီအပေါ်မှာ ကိုယ်က တစ်ခုခုပြောချင်တယ်ဆိုရင် comment ပေးနိုင်ပါတယ်။ ကွန်မန့် လို့ အသံထွက်ပါတယ်။ ကော်မန့် တို့၊ ကွန်မန်းဒ် တို့ အသံထွက်တာ မှားပါတယ်။ command သို့မဟုတ် commend လို့လည်း စာလုံးမပေါင်းပါဘူး။ comment လို့ စာလုံးပေါင်းပါတယ်။
Message ဖတ်ချင်ရင် – သူငယ်ချင်းတွေ ကိုယ့်ဆီကို ပို့ထားတဲ့ ဖေ့စ်ဘုတ် မက်ဆေ့ဂ်ျ တွေကို ကြည့်ချင်ရင်၊ ကိုယ့်အကောင့်ကို login လုပ်ပြီး https://www.facebook.com/messages/ မှာ ကြည့်နိုင်ပါတယ်။










